back

ထိုင်းတွင် ထုတ်လုပ်မှုလျော့နည်းသည်ဟုဆိုကာ မြန်မာလုပ်သား ၄၇၂ ဦး အလုပ်ထုတ်ခံရ

Mar 19 • 3:37 AM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ထုတ်လုပ်မှုလျော့နည်းသည်ဟုဆိုကာ မြန်မာလုပ်သား ၄၇၂ ဦး အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ ရယောင်ခရိုင် ရယောင် (Rayong)မြို့ရှိ Electronic စက်ရုံတစ်ရုံ၌ အလုပ်လုပ် ကိုင်နေသည့် မြန်မာလုပ်သား ၄၇၂ ဦးကို လုပ်ငန်းခွင်တွင် ထုတ်လုပ်မှုလျော့နည်းလ...

ထိုင်းနိုင်ငံ ရယောင်ခရိုင် ရယောင် (Rayong)မြို့ရှိ Electronic စက်ရုံတစ်ရုံ၌ အလုပ်လုပ် ကိုင်နေသည့် မြန်မာလုပ်သား ၄၇၂ ဦးကို လုပ်ငန်းခွင်တွင် ထုတ်လုပ်မှုလျော့နည်းလာ သည်ဟုအကြောင်းပြကာ မတ် ၁၀ ရက်က အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ကူညီပေး နေသည့် MHACအဖွဲ့မှ သိရသည်။အလုပ်သမားများက အကူအညီတောင်းခံလာသဖြင့် မတ် ၁၃ရက်၌ LPN ဖောင်ဒေးရှင်း နယ်မြေခံအစိုးရဌာန၏ တာဝန်ရှိသူများနှင့်ပူပေါင်းကာ ကူညီဆောင်ရွက်မှုစတင်ခဲ့ကြောင်း MHAC အဖွဲ့မှ သိရသည်။ယင်းကိစ္စနှင့် ပတ်သက်ပြီးအမှုပြီးဆုံးသည်အထိ အလုပ်သမားနှင့်အတူ ရပ်တည်သွားမည် ဖြစ်ကြောင်း MHAC အဖွဲ့က ထုတ်ပြန်ထားသည်။

news-view-count-icon

14