နာမည်ကြီး အဆိုပြိုင်ပွဲဖြစ်တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ဘီလီလမင်းအေးဟာ မတ်လ ၁၈ ရက်နေ့(သူမတို့နေထိုင်ရာနိုင်ငံရဲ့ စံတော်ချိန်) မှာပဲ ချစ်သူနဲ့ ထိမ်းမြားလက်ထပ်လိုက်ပြီဖြစ်ပါတယ်။ သူမရဲ့ ချစ်သူဟာ နိုင်ငံခြားသားဖြစ်ပြီးတော့ သူမအတွက်တော့ ဘဝလက်တွဲဖော်ကောင်းတစ်ဦးမို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဘီလီလမင်းအေးဟာ အဆိုတော်သားငယ် Winner ဖြစ်ခဲ့တဲ့ အပတ်စဉ်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး သူမဟာ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေထိုင်နေတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။



