စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အိမ်ငှားရန်ရှားပါးလာသည့် အပြင် အိမ်ငှားရမ်းခဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်လာသည်ဟု မြို့တွင်း အိမ်ငှားနေထိုင်သူများထံမှ သိရ သည်။ကလေးမြို့ပေါ်သို့ နေရပ်စွန့်ခွာလာရသူများတနေ့ထက်တနေ့များလာသောကြောင့် အိမ်ပိုင်ရှင်များကလည်း အိမ်ငှါးခဈေးနှုန်းများ အဆ မတန်မြှင့် တင်ထားကြသည့်အပြင် ငွေများများပေးနိုင်သူများကို အိမ်ငှါးပေးလေ့ရှိကြသည်ဟု သိရသည်။ လက်ရှိ ကလေးမြို့ပေါ် ရပ်ကွက်အတွင်းပိုင်းရှိ အိမ်းငှားခဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းနှင့် အထက်တွင်ရှိနေပြီး ဗိုလ်ချုပ်လမ်းမဘေးရှိ လုံးချင်းအိမ်အပါအဝင် ဆိုင်ခန်းငှား ခဈေးနှုန်းမှာ တလလျှင် ငွေကျပ် ၅ သိန်းမှ ရှစ်သိန်း ကျပ်ပေါက်ဈေးရှိကာ အိမ်ငှားရရှိရန်ပင် ရှားပါးသည်အထိ ဖြစ် လာဟု သိရ သည်။
စစ်ကိုင်းတိုင်း၊ကလေးမြို့တွင် အိမ်ငှါးခဈေးနှုန်းမြင့်တက်လာ၍ နေရပ်စွန့်ခွာ ပြောင်းရွှေ့လာရသူများနှင့်ပြည်သူများအခက်ကြုံနေ
Mar 19 • 1:34 AM
Myanmar
Sagaing
Share
| 5 | 0 | 0 | 0 |


