back

ထိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် ‌သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် ဘတ် ၉၂၀,၀၀၀ အာမခံကြေးပေးအပ်

Mar 18 • 12:47 PM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် ‌သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် ဘတ် ၉၂၀,၀၀၀ အာမခံကြေးပေးအပ်

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ယာဉ်မတော်တဆမှုကြောင့် ‌သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ဦးမင်းမင်းထွန်းအတွက် ထိုင်းအစိုးရလူမှုဖူလုံရေးဌာနမှ ရရှိသည့်အာမခံကြေးငွေ ...

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ယာဉ်မတော်တဆမှုကြောင့် ‌သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ဦးမင်းမင်းထွန်းအတွက် ထိုင်းအစိုးရလူမှုဖူလုံရေးဌာနမှ ရရှိသည့်အာမခံကြေးငွေ ဘတ် ၉၂၀,၀၀၀ ကိုပေး အပ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးထံက သိရသည်။ အဆိုပါ အာမခံကြေး‌ငွေအား ‌သေဆုံးသူ၏ မိခင်ဖြစ်သူထံသို့ ယနေ့ မတ်လ (၁၈)ရက်၌ ဗန်ကောက်မြို့၊ အလုပ်သမားသံအရာရှိရုံးတွင် ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။ ‌သေဆုံးသူ မြန်မာနိုင်ငံသား ဦးမင်းမင်းထွန်းသည် ပြီးခဲ့သည့် ဇန်နဝါရီ (၂၄)ရက်က ဗန်ကောက်မြို့တွင် ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။




news-view-count-icon

7