ထိုင်းနိုင်ငံ ဥထုံဌာနီက ဆိုင်ကယ်ကယ်ရီဆရာတစ်ဦးဟာ ဗီဒီယိုတစ်ခုမှာ ဝတဲ့ စီးနင်းသူတွေကို စီးခွင့်မပြုဘူးလို့ပြောပြီးတဲ့နောက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ သူ့အကြောင်းက ထိုင်း ဖေ့ဘုတ်ရပ်ဝန်းမှာ နာမည်ကြီးသွားတာဖြစ်ပြီး “ဒီလို လူတွေရှိပါသေးတယ်လား”ဆိုတဲ့ ကပ်ပရှင်နဲ့ တင်ခဲ့တာပါ။ ဗီဒီယိုမှာ ဆိုင်ကယ်သမားက ပက်ဆင်ဂျာကို အရမ်းဝနေတယ်၊ နောက်ဆို ဆိုင်ကယ်မငှားနဲ့လို့ပြောတာပါ၊ ပက်ဆင်ဂျာကလည်း နောက်ဆို သိသာထင်ရှားအောင် ဝတဲ့သူတွေ လက်မခံကြောင်း ကြိုပြောလို့ ပြောပါတယ်။ Driver ကလည်း ဆတ်ဆိတ်ထိမခံ “ကြိုက်တဲ့ သူကိုလိုက်မေးကြည့်၊ ဒီခေတ်မှာ ဘယ်သူမှ ဖက်တီးတွေကိုမတင်ဘူး” ဆိုပြီး ပြောပြီး ငှားထားတာကို Cancel လုပ်ဖို့ပြောခဲ့ပါတယ်။



