အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က ကိုရီးယားကို ရေနံစိမ်းတင်ပို့မှုအတွက် ထိပ်တန်းဦးစားပေးအဖြစ် ကတိပြုထားကြောင်း သမ္မတ Lee Jae Myung ၏ ထိပ်တန်းလက်ထောက်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
"ယူအေအီးက ကိုရီးယားကို ရေနံစိမ်း ထောက်ပံ့ရာမှာ နံပါတ် ၁ ဦးစားပေး" လို့ ကတိပြုပြီး ကိုရီးယားက ယူအေအီးကနေ အချိန်မရွေး ရေနံဝယ်နိုင်မယ်လို့ သဘောတူထားပါတယ်" ဟု သမ္မတရုံး အရာရှိချုပ် Kang Hoon-sik က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယခင်သဘောတူညီချက်အရ ရေနံစိမ်းစည်ပေါင်း ၆ သန်းအပြင် ယူအေအီးက ယခုတစ်ကြိမ်တွင် နောက်ထပ် စည်ပေါင်း ၁၈ သန်းကို ကိုရီးယားသို့ တင်ပို့မည်ဟု ကတိပြုခဲ့သည်။ အကြမ်းဖျင်းအားဖြင့် စည်ပေါင်း ၆ သန်းခန့်ကို ယူအေအီး ကုန်တင်သင်္ဘောသုံးစင်းဖြင့် တင်ပို့မည်ဖြစ်ပြီး ကျန်ကိုကိုရီးယားသင်္ဘော ခြောက်စင်းက ပို့ဆောင်မည်ဖြစ်သည်။ မကြာမီကာလတွင် ဆိုးလ်နှင့် အဘူဒါဘီ ရေနံထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း Kang က ဆက်လက်ပြောသည်။



