back

လယ်ယာမြေ အမှုတွဲများ စိစစ်ဆုံးဖြတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တိကျမှန်စွာ ဆောင်ရွက်ရန်လိုအပ်

Mar 18 • 8:51 AM

breaking-news

Myanmar

Local

cover

လယ်ယာမြေ အမှုတွဲများ စိစစ်ဆုံးဖြတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တိကျမှန်စွာ ဆောင်ရွက်ရန်လိုအပ်

လယ်ယာမြေအမှုတွဲများ စိစစ်ဆုံးဖြတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပြီး လယ်ယာမြေအမှုတွဲများနှင့် ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ရာတ...

လယ်ယာမြေအမှုတွဲများ စိစစ်ဆုံးဖြတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပြီး လယ်ယာမြေအမှုတွဲများနှင့် ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ရာတွင်ဘက်လိုက်မှုမရှိဘဲ တိကျမှန်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို မတ် ၁၇ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

20