back

ရှေ့လတွင် ကမ္ဘောဒီးယားနှင့်နယ်စပ်၌ ထိုင်းက ခြံစည်းရိုး စတင်ခတ်မည်

Mar 18 • 8:50 AM

breaking-news

Cambodia

Local News

cover

ရှေ့လတွင် ကမ္ဘောဒီးယားနှင့်နယ်စပ်၌ ထိုင်းက ခြံစည်းရိုး စတင်ခတ်မည်

    ကာလကြာရှည်တင်းမာမှုများဖြစ်ပွါးပြီးနောက်ပိုင်း၊ တဖန် နှစ်နိုင်ငံအကြားလူအသေအပျောက်ရှိသော တိုက်ခိုက်မှုများပေါ်ပေါက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် လုံခြုံရေးကိ...

    

ကာလကြာရှည်တင်းမာမှုများဖြစ်ပွါးပြီးနောက်ပိုင်း၊ တဖန် နှစ်နိုင်ငံအကြားလူအသေအပျောက်ရှိသော တိုက်ခိုက်မှုများပေါ်ပေါက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် လုံခြုံရေးကိုမြှင့်တင်ရန်အတွက် လာမည့်လတွင် ကမ္ဘောဒီးယားနှင့် နယ်စပ်တလျှောက်အစိတ်အပိုင်းအချို့တွင် ခြံစည်းရိုးများ စတင်တည်ဆောက်သွားမည် ဖြစ်သည်။ ပထမဆုံးအတားအဆီးသည် ချန်ထဘူရီပြည်နယ် ပေါင်နမ်ရွန်ခရိုင်ရှိ ၁ ဒဿမ ၃ ကီလိုမီတာရှိနယ်မြေပါဝင်မည်ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဗီထိုင်း လိုင်သွန်မယာက ပြောကြားခဲ့သည်။ 

      

news-view-count-icon

13