မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရန် အလားအလာကောင်းများရှိနေသဖြင့် တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ကုန်းမြင့်နှင့် ကုန်းနိမ့်ကော်ဖီများ ထွက်ရှိသည့်အပြင် စိုက်ပျိုးရန် မြေနေရာနှင့် နည်းပညာများလည်း အသင့်ရှိနေသဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများက လက်ရှိရင်းနှီးမြှုပ်နှံမှုမူဝါဒများကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာ့ကော်ဖီကို ပြည်တွင်းတောင်သူများက တစ်နှစ်လျှင် တန်ချိန်တစ်သောင်းခန့် ထုတ်လုပ်နေပြီး ထွက်ရှိသမျှ၏ ၅၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့လျက်ရှိရာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှာ အဓိကစျေးကွက်များဖြစ်ကာ အထူးတန်းဝင်ကော်ဖီများကိုမူ အမေရိကန်၊ ဥရောပနှင့် အာရှနိုင်ငံအချို့သို့ တင်ပို့နေကြောင်း သိရသည်။
မြန်မာ့ကော်ဖီကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်၊ ဂျပန်နှင့် ကိုရီးယားအပါအဝင် နိုင်ငံအချို့ စိတ်ဝင်စားနေ
Mar 18 • 8:46 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


