ဦးနှောက်လုပ်ဆောင်မှုနှုန်းကို အမြဲမြှင့်တင်နေပါက ဦးနှောက်အသိဉာဏ်စွမ်းရည် ကျဆင်းခြင်း ကင်းဝေးနိုင်မယ်လို့ အမေရိကန်အခြေစိုက် လေ့လာချက်တွေမှာ သိရှိရပါတယ်။အသက် ၆၅ နှစ်အထက် ကျန်းမာရေးကောင်းတဲ့ လူနာ၂,၈၀၂ ဦးကို ၁၀ နာရီခန့်ကြာအောင် ကွန်ပျူတာဂိမ်း လေ့ကျင့်မှုတွေ ပြုလုပ်စေကာ နောက်ထပ် ၃၅ လကြာတဲ့အခါမှာ ထပ်မံမြှင့်တင်တဲ့ လေ့ကျင့်ခန်း ၁၁ မျိုး ပြုလုပ်စေပါတယ်။ နောက်ထပ် ဆယ်စုနှစ် ၂ ခုအတွင်း ဒီမန်ရှာရောဂါ ဖြစ်မဖြစ် စောင့်ကြည့်ခဲ့ကြရာ အမြင်အာရုံအမြန်နှုန်း လေ့ကျင့်ခန်းမျိုး ပြုလုပ်သူတွေက ဘာလေ့ကျင့်မှုမှ မလုပ်သူတွေနဲ့ယှဉ်ရင် ဒီမန်ရှာဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရပါတယ်။ ဦးနှောက်စွမ်းရည် တိုးတက်စေတဲ့ လေ့ကျင့်မှုတွေက ဦးနှောက်ကို အချက်အလက်တွေ ပိုမိုလျင်မြန်ထိရောက်စွာ တွက်ချက်စေပြီး အာရုံကြောစနစ်တွေကို အားကောင်းစေပါတယ်။



