အခုရက်ပိုင်းမှာ မိုးတိမ်တောင်များကြောင့် စစ်ကိုင်း၊တနင်္သာရီ၊ကချင်တွင် မိုးသက်လေပြင်း
တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများအားဖြင့် သာယာပြီး ကချင်ပြည်နယ်မှာနေရာစိပ်စိပ်၊ တနင်္သာရီတိုင်း ဒေသကြီးမှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းဖို့ရှိပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင် ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။


