မွန်ပြည်နယ်၊ သထုံမြို့တွင် စက်သုံးဆီ တန်းစီနေစဉ် နောက်ကားမှ အိုးဝေကို ဝင်တိုက်ကာ ယာဥ်ထပ်ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။မတ်လ ၁၆ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်က သထုံမြို့၊ မြေနီကုန်းရပ်ကွက်ရှိ Max ဆီဆိုင်ရှေ့တွင် ဆီတန်းစီရင်း နောက်ကားမှ ရှေ့၌ ရှိနေသော အိုး၀ေကိုတိုက်မိခဲ့ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။အိုးဝေကို တိုက်မိခဲ့သောကြောင့် အိုးဝေမှ ရှေ့ကရှိနေသော ကုန်တင်ကား၏ နောက်ပိုင်းကို ထပ်ဆင့် တိုက်မိကာ အိုးဝေအရှေ့ပိုင်း ပျက်စီးသွားသည်ဟု ဆိုသည်။သို့သော် အိုးဝေယာဉ်မောင်းဖြစ်သူမှာ အိုးဝေကို ဘေးမှ ဆင်းတွန်းနေသောကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
သထုံမြို့တွင် ဆီတန်းစီနေစဉ် နောက်ကားမှ အိုးဝေကို ဝင်တိုက်၊ အိုးဝေမှ ကုန်တင်ကား၏ အနောက်ကို ထပ်ဆင့်တိုက်မိ
Mar 17 • 6:31 AM
Myanmar
Mon
Share
| 8 | 0 | 0 | 0 |


