back

ဦးပိန်တံတားသို့ ဧည့်ဝင်နည်းပါးမှုကြောင့် ဈေးသည်များဈေးဦးပေါက်ရန်ပင်ခက်ခဲလာ

Mar 17 • 2:58 AM

breaking-news

Myanmar

Mandalay

cover

ဦးပိန်တံတားသို့ ဧည့်ဝင်နည်းပါးမှုကြောင့် ဈေးသည်များဈေးဦးပေါက်ရန်ပင်ခက်ခဲလာ

မန္တလေးတိုင်း၊ဦးပိန်တံတားသို့ ခရီးသွားဧည့်သည်များလာရောက်မှုမှာ ယခုနောက်ပိုင်း နည်းပါးလာခြင်းကြောင့် တံတားကို အမှီပြုလုပ်ကိုင်နေရသည့် ဈေးသည်များမှာ ဈေးဦးပေါက်ရ...

မန္တလေးတိုင်း၊ဦးပိန်တံတားသို့ ခရီးသွားဧည့်သည်များလာရောက်မှုမှာ ယခုနောက်ပိုင်း နည်းပါးလာခြင်းကြောင့် တံတားကို အမှီပြုလုပ်ကိုင်နေရသည့် ဈေးသည်များမှာ ဈေးဦးပေါက်ရန်ပင် ခက်ခဲမှုများရှိနေကြောင်း ဒေသခံဈေးသည်များ ထံမှ သိရသည်။အမရပူရမြို့နယ်၊ တောင်သမန်အင်းအတွင်း ဦးပိန်တံတားတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုအချို့ရှိခဲ့သလို တံတားပေါ်တက်ရောက်နိုင်သည့် ဧရိယာကိုကန့်သတ်ခဲ့မှုများ ရှိခဲ့ပြီးနောက်ပိုင်း လာရောက်လည်ပတ်သူလည်း လျော့နည်းကျဆင်းလာခဲ့ခြင်းဖြစ်သည်။"တစ်နှစ်နီးပါးလောက်ကို ငုတ်တုတ်ထိုင်နေရသလိုဖြစ်တာပေါ့။ ကြားထဲသီတင်းကျွတ်တို့၊ ခရစ်စမတ်တို့ လောက်ပဲ လူစည်တာ။ ကျန်တဲ့ရက်တွေက လူကိုမရှိသလောက်ပဲ။ အခုလည်း တပေါင်းလတုန်းက လူပြန်စည်တယ်။ အခု မြင်တဲ့အတိုင်းပဲ စနေ၊ တနင်္ဂနွေနေ့တွေတောင် လူကရှိတာမဟုတ်ဘူး။ တစ်လလုံးဆိုရင် ဈေးဦးပေါက်တဲ့ရက်က ၁၀ ရက်မပြည့်ဘူး။ အဲ့ဒီလောက်အထိခက်ခဲလာတာ"ဟု ဒေသခံဈေးသည်တစ်ဦးက ပြောသည်။လတ်တလောတွင် ဦးပိန်တံတားပေါ်သို့ လာရောက်လည်ပတ်သူမှာ နေ့စဥ်ပျမ်းမျှ လူ ၁၀၀ ဝန်းကျင်သာရှိပြီး အများစုမှာ တံတားအနီးဝန်းကျင်နှင့် မယ်ဇယ်ပင်တန်းကိုသာ အဓိကထားလည်ပတ်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

53