back

မန္တလေးမြို့ မူလသစ်ဆိမ့်ကျောင်းတိုက် ပင်လုံပအိုဝ်းကျောင်းဆောင်သစ် အလှူတော်မင်္ဂလာ ရေစက်ချ ကျင်းပ

Mar 17 • 2:57 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့ မူလသစ်ဆိမ့်ကျောင်းတိုက် ပင်လုံပအိုဝ်းကျောင်းဆောင်သစ် အလှူတော်မင်္ဂလာ ရေစက်ချ ကျင်းပ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မူလသစ်ဆိမ့်ကျောင်းတိုက် ပင်လုံရတနာကျောင်းဆောင်သစ် ကို ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် တပေါင်းလပြည့်ကျော်(၁၃)ရက် (၁၅.၃.၂၀၂၆) တနင်္ဂ...

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မူလသစ်ဆိမ့်ကျောင်းတိုက် ပင်လုံရတနာကျောင်းဆောင်သစ် ကို ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် တပေါင်းလပြည့်ကျော်(၁၃)ရက် (၁၅.၃.၂၀၂၆) တနင်္ဂနွေနေ့မှာ ရေစက်ချအမျှဝေ အလှူတော် မင်္ဂလာကျင်းပခဲ့ကြောင်းသိရပါသည်။သာသနာနှစ် ၂၅၅၈ခုနှစ် ၊ကောဇာသက္ကရာဇ် ၁၃၇၆ခုနှစ် ၊ကဆုန်လဆန်း(၁၀)ရက် ၊(၈−၅−၂၀၁၄) ကျာသပတေးနေ့ မနက်အာရုဏ်ဦး (၅:40) မင်္ဂလာချိန် မှာ ဆရာတော်ဘဒ္ဒန္တညဏိန္ဒ(ဟွေႏသင်ꩻ) ကျောင်ꩻဖာမွိုန်းတောင်ႏကီꩻ၊ ဆရာတော် ဘဒ္ဒန္တဝရသာမိ ကျောင်ꩻဟွေးသင်ꩻ/ပညာဘူမိ ပင်လုံမြို့၊ ဆရာတော်ဘဒ္ဒန္တသီရိဓမ္မ(ဟွေႏသင်ꩻ) မူလသစ်ဆိမ့်ကျောင်းတွိုက် ပင်လုံကျောင်း တို့ကဦးဆောင်ပြီးမန္တလေးမြို့မှာ ပင်လုံရတနာကျောင်းဆောက်လုပ်ဖို့ အုပ်မြစ်ချခဲ့ပါသည်။ဆရာတော်တို့က ဦးဆောင်ဆောက်လုပ်ပြီးသော ပင်လုံရတနာကျောင်းဆောင်ကို ကောဇာ သက္ကရာဇ် ၁၃၈၁ ခုနှစ် ဝါခေါင်လဆန်း (၇)ရက် (၇−၈−၂၀၁၉)၊ ဗုဒ္ဓဟူးနေ့ မနက် (၈:45) မှာ မြတ်စွာဘုရားရုပ်ထုတော် ပင့်ဆောင်ခြင်း အနေကဇာတင်ခြင်း ကျောင်းဆောင်သစ်တက်ခြင်း မင်္ဂလာတို့ကို ပြုလုပ်ခဲ့ပါသည်။ဆက်လက်ပြီး ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် တပေါင်းလပြည့်ကျော်(၁၃)ရက် (၁၅.၃.၂၀၂၆) တနင်္ဂနွေနေ့မှာ ပင်လုံရတနာကျောင်းဆောင်သစ် ကိုရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပကြောင်းသိရပါသည်။

news-view-count-icon

11