back

အပြောင်းအရွှေ့တွေမှာ တရားမဝင်ငွေပေးချေမှုများအတွက် ချယ်လ်ဆီးအသင်း ဒဏ်ငွေ ပေါင် ၁၀ သန်း တပ်ရိုက်ခံရ

Mar 17 • 1:56 AM

breaking-news

Myanmar

International

cover

အပြောင်းအရွှေ့တွေမှာ တရားမဝင်ငွေပေးချေမှုများအတွက် ချယ်လ်ဆီးအသင်း ဒဏ်ငွေ ပေါင် ၁၀ သန်း တပ်ရိုက်ခံရ

ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့တွေမှာ တရားမဝင်ငွေပေးချေမှုများအတွက် ဒဏ်ငွေ ပေါင် ၁၀ သန်း တပ်ရိုက်ခံခဲ့ရပါတယ်။၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကာလအတွင်း ချယ်လ်ဆီးအနေနဲ့...

ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့တွေမှာ တရားမဝင်ငွေပေးချေမှုများအတွက် ဒဏ်ငွေ ပေါင် ၁၀ သန်း တပ်ရိုက်ခံခဲ့ရပါတယ်။၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကာလအတွင်း ချယ်လ်ဆီးအနေနဲ့ မှတ်ပုံမတင်ထားတဲ့ အေးဂျင့်တွေ၊ third-parties တွေကို ပေါင် ၄၇ သန်းလောက် လျှို့ဝှက်ပေးချေမှုတွေပြုလုပ်ခဲ့တယ်လို့ တွေ့ရှိခဲ့ရတာပါ။ချယ်လ်ဆီးရဲ့အခုပြစ်ဒဏ်မှာ နှစ်နှစ်တာကာလအတွင်းမှာ ဆိုင်းငံ့အပြောင်းအရွှေ့ပြုလုပ်မှု တစ်နှစ်ပိတ်ပင်မယ့် ပြစ်ဒဏ်လည်း ပါဝင်ပါတယ်။ချယ်လ်ဆီး ပေးဆောင်ရမယ့် ပေါင် ၁၀ သန်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တင်ဖြစ်ပြီး ၂၀၀၇ ခုနှစ်က မာရှေရာနို၊ တေဗက်ဇ်တို့နဲ့ ခေါ်ယူခဲ့တဲ့ ဝက်စ်ဟမ်းက ပေါင် ၅.၅ သန်း ဒဏ်တပ်ခံရမှုကို ကျော်ဖြတ်ခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အမှတ်လျှော့ခံရမယ့်ပြစ်ဒဏ်ကိုတော့ ရှောင်ရှားနိုင်ခဲ့ပါတယ်။ဟာဇက်၊ အီတူး၊ ဝီလီယံ၊ ရာမီရက်စ်၊ ဒေးဗစ်လူးဝစ်ဇ်၊ ရှာရယ်လ်၊ မာတစ်စတဲ့ ကစားသမားတွေ ခေါ်ယူမှုမှာ အခုလို တရားမဝင် ငွေပေးချေခဲ့ရမှုတွေ ပါဝင်ခဲ့ပါတယ်။

ချယ်လ်ဆီးအနေနဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ကာလအတွင်း အကယ်ဒမီကစားသမားတွေ မှတ်ပုံတင်မှုနဲ့ ပတ်သက်ပြီး အကယ်ဒမီအပြောင်းအရွှေ့ ကိုးလပိတ်ပင်မှုနဲ့ ဒဏ်ငွေ ပေါင် ၇၅၀,၀၀၀ ပေးဆောင်ဖို့ ချမှတ်ခံခဲ့ရပါတယ်။


news-view-count-icon

22