ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ တရားရုံးရှေ့တွင် ၁၆.၃.၂၀၂၆ ရက်နေ့၊ ၂၂နာရီ အချိန်ခန့်၊ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသည်။မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး (ေ-သဆုံး)၊ ကျား (၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား မာတာလူမှုကူညီရေးအသင်းနှင့် ကြယ်စင်မေတ္တောလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်ဖြင့် မြောက်ဉက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။



