back

မွန်တွင် စက်သုံးဆီအခက်အခဲကြောင့် ခရီးသည်တင်ယာဉ်များ နေ့စဉ် ပြေးဆွဲနိုင်ခြင်းမရှိ

Mar 17 • 1:17 AM

breaking-news

Myanmar

Mon

cover

မွန်တွင် စက်သုံးဆီအခက်အခဲကြောင့် ခရီးသည်တင်ယာဉ်များ နေ့စဉ် ပြေးဆွဲနိုင်ခြင်းမရှိ

မွန်ပြည်နယ်မှ အခြားပြည်နယ်နှင့်တိုင်းများသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ စက်သုံးဆီဝယ်ယူရရှိမှုအခက်အခဲကြောင့် နေ့စဉ် ပြေးဆွဲနိုင်ခြင်း မရှိတော့ကြောင်း ယာဉ်...

မွန်ပြည်နယ်မှ အခြားပြည်နယ်နှင့်တိုင်းများသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ စက်သုံးဆီဝယ်ယူရရှိမှုအခက်အခဲကြောင့် နေ့စဉ် ပြေးဆွဲနိုင်ခြင်း မရှိတော့ကြောင်း ယာဉ်မောင်းနှင့် ခရီးသွားပြည်သူများထံမှ သိရသည်။စက်သုံးဆီချွေးတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မွန်ပြည်နယ်ရှိစက်သုံးဆီဆိုင်များ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်တစ်စီး ကျပ်တစ်သိန်းနှုန်းဖြင့် ရောင်းချပေးကြရန် ပြည်နယ်အစိုးရအဖွဲ့မှ ကန့်သတ်ထားသော်လည်း မြေပြင်ဆီဆိုင်များတွင် သုံးသောင်းကျပ်သာ ရောင်းချပေးနေသည်ဟု ယာဉ်မောင်းများက ပြောသည်။ဆီရောင်းချပေးသည့်ပမာဏနည်းသည့်အပြင် တစ်ရက်တစ်ကြိမ် ဝယ်ယူခွင့်ပြုထားသဖြင့် နေ့စဉ်မောင်းနှင်ပြေးဆွဲရန် အဆင်မပြေဖြစ်လာကြောင်း မော်လမြိုင်-ဘုရားသုံးဆူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

news-view-count-icon

17