၂၀၂၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ် U-20 ပြိုင်ပွဲအတွက် ရှမ်းယူနိုက်တက် အသင်းအနေဖြင့် လူငယ်ကစားသမားအသ စ်များကို ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကြောင်း မတ်လ (၁ ၆) ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။လူရွေးချယ်ပွဲကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ လေးထော င့်ကန်စံပြကျေးရွာ၊ အမှတ် (၇)၊ အောင်မင်္ဂလာလမ်း၌ မတ်လ (၂၅)ရက်မှ (၃၀)ရက်အထိ ရွေးချယ်သွားမည်ဖြစ်သည်။နောက်ဆုံးစာရင်းသွင်းရမည့်ရက် အနေဖြင့် မတ်လ (၂၄)ရ က်တွင် ပေးသွင်းသွားရမည်ဖြစ်ပြီး နယ်ဝေးမှ လာရောက်ရွေးချယ်ခံကြမည့် သူများအနေဖြင့် နေရာထိုင်ခင်းကို အသင်းဘက်က စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းကလပ်များအနက် သင်တမ်းအလိုက် အမျိုးသား/အမျိုးသမီး စုဖွဲ့မှုအကောင်းဆုံးနှင့် အင်အားအတောင့်တင်းဆုံး ဘောလုံးကလပ်အသင်းတစ်ခုလည်းဖြစ်သည်။



