back

အီရန်စစ်ပွဲကြောင့် ရေနံဓာတုကုန်ကြမ်းပစ္စည်းရှားပါးလာပြီး ထိုင်းစက်ရုံအချို့ ပိတ်သိမ်းရ

Mar 16 • 1:04 PM

breaking-news

Thailand

Local News

cover

အီရန်စစ်ပွဲကြောင့် ရေနံဓာတုကုန်ကြမ်းပစ္စည်းရှားပါးလာပြီး ထိုင်းစက်ရုံအချို့ ပိတ်သိမ်းရ

လတ်တလော အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ရေနံတွေ သယ်လို့မရတော့ဘဲ ရေနံကထုတ်လုပ်တဲ့ ဓာတုကုန်ကြမ်းပစ္စည်းတွေ ရှားပါးလာလို့ ထိုင်းနိုင်ငံက စက်ရုံအလုပ်ရုံအချို့ ယာယီပ...

လတ်တလော အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ရေနံတွေ သယ်လို့မရတော့ဘဲ ရေနံကထုတ်လုပ်တဲ့ ဓာတုကုန်ကြမ်းပစ္စည်းတွေ ရှားပါးလာလို့ ထိုင်းနိုင်ငံက စက်ရုံအလုပ်ရုံအချို့ ယာယီပိတ်သိမ်းထားရတယ်လို့ ထိုင်းစီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။ ဘိလပ်မြေ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်တဲ့ SGC ကုမ္ပဏီဟာ ရေနံဓာတုကုန်ကြမ်းတွေဖြစ်တဲ့ Naphtha နဲ့ Propane ရရှိဖို့ ခက်ခဲလာတာကြောင့် ရယောင်းမြို့မှာရှိတဲ့ သူတို့ရဲ့ Olefins စက်ရုံလုပ်ငန်းကို ယာယီရပ်နားထားရကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့ပါတယ်။ ဒီလိုရပ်နားထားရတဲ့အတွက် အပိုဆောင်းကုန်ကျစရိတ် တလကို ဘတ်သန်းပေါင်း ၁၅၀ လောက် ကုန်ကျဖွယ်ရှိတယ်လို့ ဆိုပါတယ်။




news-view-count-icon

10