back

အောင်မြေသာစံ၌ ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀ ကျော်နှင့် ရွှေထည်များပါသွား

Mar 16 • 10:34 AM

breaking-news

Myanmar

Mandalay

cover

အောင်မြေသာစံ၌ ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀ ကျော်နှင့် ရွှေထည်များပါသွား

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ မတ် ၁၅ ရက်က လူနေအိမ်တလုံးကို ဓားပြဝင်တိုက်သွားလို့ ငွေသား ကျပ် သိန်း ၂၀၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ ဒေသခံတွ...

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ မတ် ၁၅ ရက်က လူနေအိမ်တလုံးကို ဓားပြဝင်တိုက်သွားလို့ ငွေသား ကျပ် သိန်း ၂၀၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။မနေ့ညနေ ၄ နာရီက အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် ၂၂၊ ၇၆ × ၇၈ လမ်းကြား၊ ၈ × ၉ လမ်းကြားမှာရှိတဲ့ ဦးသောင်းအေးရဲ့အိမ်ကို အမှာပစ္စည်းလာပို့သူလို ဟန်ဆောင်လာသူ ၂ ယောက်က ဓားပြတိုက်သွားတာလို့ ဒေသခံ တယောက်က ပြောပါတယ်။နေအိမ် ဓားပြတိုက်ခံရတဲ့အချိန် အမျိုးသမီးဖြစ်သူနဲ့ ကလေးငယ် ၃ ယောက်သာ အိမ်မှာရှိပြီး ငွေသား ကျပ်သိန်း ၂၂၀၊ ရွှေ ၅ ကျပ်သား ၂ တုံး၊ လက်ဝတ်လက်စား ရွှေထည်ပစ္စည်း ၆ မျိုးနဲ့ သွေးပြီးသား ကျောက်စိမ်းပွင့် ၅၀ တို့ကို ပါသွားပေမဲ့ လူတွေထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။





news-view-count-icon

12