မန္တလေးတိုင်း၊ မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ သွားသည့် အဝေးပြေးယာဉ်(Express) ပေါ်မှ ခရီးသည်များသည် မြင်းခြံ-တောင်သာ အစပ် ကားလမ်းမပေါ်၌ယမန်နေ့( မတ်လ ၁၅ ရက် ) နံနက် ၇ နာရီ၌ ဓားပြတိုက်ခံရခြင်းဖြစ်ပြီး ထိုယာဥ်ပေါ်တွင် ခရီးသည် ဆယ်နှင့်ချီ၍ စီးနှင်းလိုက်ပါလာကြောင်းသိရပါသည်။မျက်နှာဖုံးစွပ် အရပ်ဝတ်နဲ့ ခြောက်ယောက်လောက်ပဲ ချုံတွေထဲက ထွက်လာပြီး ကားကိုအနီးကပ် လက်နက်ငယ်တွေနဲ့ချိန်တယ်။ ချိန်ပြီးရပ်ခိုင်းတယ်။ ကျန်တဲ့သူတွေက ချုံတွေထဲ ကင်းပုန်းဝပ်နေကြတယ်။ ကားသမားက မရပ်ရင် ပစ်မယ့်ပုံစံ။ ကားပေါ်က ပါလာတဲ့လူတွေကို ပိုက်ဆံတွေလည်း ယူတယ်။ ဖုန်းတွေလည်း အကုန်ယူတယ်။ ဓားပြတိုက်ပြီးကားကို ပြန်လွှတ်ပေးတယ်။ အဖိုးတန်တယ်ထင်တဲ့ ပစ္စည်းမှန်သမျှ အကုန်ယူသွားတယ်။ နောက်ထပ်လာတဲ့ တစီးလည်း တိုက်ခံရတယ်ကြားတယ်”ဟု က ပြောသည်။မြင်းခြံခရိုင်ရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များရှိ အဝေးပြေးကားလမ်းမများတွင် ခရီးသည်တင်ယာဉ်များမှာ မကြာခဏ လုယက်မှု ကြုံရကြောင်း ဒေသခံများက ပြောသည်။



