back

ထိုင်းနိုင်ငံတွင် မတ်လ ၁၆ ရက်မှစ၍ ကြက်ဥဈေးနှုန်း တစ်ကတ်လျှင် ၆ ဘတ် ထပ်မံမြင့်တက်မည်

Mar 16 • 6:36 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် မတ်လ ၁၆ ရက်မှစ၍ ကြက်ဥဈေးနှုန်း တစ်ကတ်လျှင် ၆ ဘတ် ထပ်မံမြင့်တက်မည်

ထိုင်းနိုင်ငံရှိ ကြက်ဥထုတ်လုပ်မွေးမြူရေး သမဝါယမအသင်းကြီးများ၏ ထုတ်ပြန်ချက်အရ မတ်လ ၁၆ ရက်နေ့မှစတင်ကာ ကြက်ဥတစ်လုံးလျှင် ၀.၂၀ ဘတ်နှုန်းဖြင့် ဈေးနှုန်းမြှင့်တင်ရန် ...

ထိုင်းနိုင်ငံရှိ ကြက်ဥထုတ်လုပ်မွေးမြူရေး သမဝါယမအသင်းကြီးများ၏ ထုတ်ပြန်ချက်အရ မတ်လ ၁၆ ရက်နေ့မှစတင်ကာ ကြက်ဥတစ်လုံးလျှင် ၀.၂၀ ဘတ်နှုန်းဖြင့် ဈေးနှုန်းမြှင့်တင်ရန် သဘောတူညီခဲ့ကြရာ ကြက်ဥတစ်ကတ် (အလုံး ၃၀) လျှင် ၆ ဘတ်အထိ ဈေးတက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပူပြင်းသည့် ရာသီဥတုကြောင့် ကြက်ဥအထွက်နှုန်းလျော့ကျခြင်း၊ ကြက်မကြီးများကို သားသတ်ရောင်းချမှုများပြားခြင်းနှင့် ကြက်ငယ်များမှာလည်း ဥကောင်းကောင်းမဥနိုင်သေးခြင်းစသည့် ဈေးကွက်အတွင်း အထွက်နှုန်းနည်းပါးမှု အခြေအနေများကြောင့် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

14