စပိန်ထိပ်သီး ဘာစီလိုနာကလပ်အသင်း၏ ဥက္ကဋ္ဌရွေးကောက်ပွဲကို မတ်လ ၁၄ ရက်တွင် ကျင်းပခဲ့ရာ လက်ရှိဥက္ကဋ္ဌ လာပေါ်တာ (Joan Laporta) က ပြိုင်ဘက် ဗစ်တာဖောင့်ကို ဆန္ဒမဲ ၆၈ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရရှိကာ ၂၀၃၁ ခုနှစ်အထိ အသင်းကို ဆက်လက်ဦးဆောင်ခွင့် ရရှိသွားကြောင်း သိရသည်။ အသင်းအဖွဲ့ဝင် ၄၈,၀၀၀ ကျော် လာရောက်မဲပေးခဲ့သည့် အဆိုပါရွေးကောက်ပွဲတွင် အသင်း၏ နည်းပြ၊ ကစားသမားဟောင်းများနှင့် လက်ရှိကစားသမားများပါ ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ အနိုင်ရရှိပြီးနောက် လာပေါ်တာက အသင်းသားများနှင့်အတူ အောင်ပွဲခံကာ မဲပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
Mar 16 • 6:14 AM
Myanmar
International
Share
| 19 | 0 | 0 | 0 |


