ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ Chai Moon Sports (Myanmar) အထည်ချုပ်စက်ရုံတွင် အလုပ်ပိတ်ရက် အချိန်ပို (OT) မဆင်းပါက သတိပေးလက်မှတ် (Warning) ရေးထိုးခိုင်းခြင်းနှင့် အလုပ်သမားအချို့ကို အလုပ်ထုတ်ပယ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ စက်ရုံအတွင်းရှိ စူပါဗိုက်ဇာအချို့သည် အထည်အရေအတွက် ရရှိရန်အတွက် အလုပ်သမားများကို အနားမပေးဘဲ ဖိခိုင်းခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ ရှိနေသည့်အပြင်၊ စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အလုပ်သမားများကို လူသိရှင်ကြား အရှက်ခွဲခြင်းများလည်း ပြုလုပ်နေသည်။ လက်ရှိတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုသတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း စက်ရုံတာဝန်ရှိသူများက သတင်းပေးသူကို လိုက်လံစုံစမ်းနေသဖြင့် အလုပ်သမားများမှာ အလုပ်အကိုင်အာမခံချက် ပျောက်ဆုံးနေပြီး တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန် လိုလားနေကြသည်။
Mar 16 • 6:01 AM
Myanmar
Ayeyarwady
Share
| 19 | 0 | 0 | 0 |


