ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား တည်ဆောက်ရေး စီမံကိန်းနယ်မြေအတွင်းရှိ သစ်တောဝင်းအတွင်း နေထိုင်သူများကို လာမည့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။ အဆိုပါဝင်းအတွင်း အိမ်ခြေ ၂၆၃ လုံးရှိပြီး သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက အစိုးရအိမ်ဥပစာ အက်ဥပဒေဖြင့် အရေးယူမည်ဟု အသိပေးထားသဖြင့် ဒေသခံများမှာ အခက်တွေ့နေရပြီး၊ လှိုင်သာယာမြို့နယ်ဘက်တွင် အစားထိုးမြေနေရာ ပြန်လည်ချထားပေးသော်လည်း စာရွက်စာတမ်းမခိုင်လုံမှုနှင့် သွားလာရေးခက်ခဲမှုများကြောင့် လက်မခံသူများရှိနေကာ အလုံမြို့နယ်အတွင်း အိမ်ငှားခဈေးနှုန်း မြင့်မားမှုကြောင့် မိသားစုစားဝတ်နေရေးနှင့် ကလေးငယ်များ၏ ပညာရေးအတွက် စိုးရိမ်နေကြကြောင်း သိရသည်။
Mar 16 • 5:58 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


