မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာအုပ်စုရှိ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီး နောက်ကျောဘက်ရှိ မြေဧရိယာ ၃၆၈ ဒသမ ၂၇ ဧကပေါ်တွင် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုဇုန်မြေနေရာ ဖော်ထုတ်ရန်အတွက် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ဖိတ်ခေါ်လျက်ရှိရာ ကျပ် ၅၀,၀၀၀ တန်ဖိုးရှိ အဆိုပြုလျှောက်လွှာများကို မတ်လ ၁၃ ရက်မှ ၂၅ ရက်အတွင်း ဝယ်ယူနိုင်ပြီး မတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအသေးစိတ်အချက်အလက်များကို ပြင်ပသို့ ထုတ်ဖော်ပြောဆိုခြင်းမပြုရန် သဘောတူညီချက် လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။
Mar 16 • 4:34 AM
Myanmar
Mon
Share
| 19 | 0 | 0 | 0 |


