ရခိုင်ပြည် နေရာတော်တော်များများကနေ ကောင်းကင်ယံကနေ အနီရောင်မီးအလင်းတန်းတစ်ခု ညအချိန်ရုတ်တရက်ကြွေကျခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲဒီအနီရောင်မီးအလင်းတန်းဟာ ကောင်းကင်ယံကနေ ထိုးစိုက်ကျလာတာကို မတ်လ ၁၅ ရက်၊ ည ၈ နာရီလောက်နဲ့ ည ၈ နာရီခွဲတို့မှာ မြင်တွေ့ခဲ့ရတာလို့ ဆိုကြပါတယ်။ ကျောက်တော်ဒေသခံတစ်ယောက်က “ကျနော်မြင်တာကတော့ အရှေ့ဘက်က ကောင်းကင်ကနေ အောက်ကို ထိုးကျသွားတာ။ စက္ကန့်ပိုင်းပဲကြာတယ်။ အနီရောင်အလင်တန်းပါ။ ကြယ်ကြွေတဲ့ပုံစံလိုပဲ”ဟု ပြောပါတယ်။
Mar 16 • 3:22 AM
Myanmar
Rakhine
Share
| 19 | 0 | 0 | 0 |


