ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မှာ ဆယ်ကျော်သက်အရွယ် အလယ်တန်းကျောင်းသူနှစ်ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။သေဆုံးသွားသူ မိန်းခလေးငယ် ၂ ဦးမှာ မြောက်ဦးမြို့၊ ဝမ်းဒီးရပ်ကွက်မှ မိခင် ဒေါ်လှစောညွန့်ရဲ့ သမီး ဖြစ်သူ မသဇင်ဦး အသက် (၁၃ )နှစ်နဲ့ မြောက်ဦးမြို့ ချင်းပျံရပ်ကွက်မှ ဖခင်ဦးလှဖြူရဲ့ သမီး မငွေဖြူချေ အသက် (၁၄) နှစ်တို့ ဖြစ်ကြပါတယ်။ ကျောင်းသူနှစ်ဦးမှာ ယမန်နေ့ ညနေ ၃ နာရီခန့်က ကျောင်းမှ ဆရာမကိုတိုင်ပြီး ကျောင်းဆင်းလာခဲ့ကာ အလယ်ဈီး (စျေး) ချောင်းမှာ ရေချိုးစဉ် ရေနစ်မြှုပ်သေဆုံးခဲ့တာလို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ကျောင်းသူ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို အဲဒီနေ့ ညနေ ၄ နာရီကျော်က ရပ်ကွက်နေသူတွေက ဝိုင်းဝန်း ရှာဖွေရာကနေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ရေနစ် သေဆုံးသွားခဲ့တဲ့ အမျိုးသမီးငယ်နှစ်ဦးလုံးမှာ အလယ်တန်းအဆင့် ဆဋ္ဌမ (၆)တန်းမှာ ပညာသင်ကြားနေသူတွေဖြစ်ကြပါတယ်။
Mar 16 • 1:49 AM
Myanmar
Rakhine
Share
| 22 | 0 | 0 | 0 |


