back

တရုတ်ဆေးအဖွဲ့က တိုဂိုနိုင်ငံမြောက်ပိုင်းရှိ ကလေးများအတွက် အခမဲ့တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပေး

Mar 16 • 1:32 AM

breaking-news

China

Local News

cover

တရုတ်ဆေးအဖွဲ့က တိုဂိုနိုင်ငံမြောက်ပိုင်းရှိ ကလေးများအတွက် အခမဲ့တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပေး

တိုဂိုနိုင်ငံသို့ ရောက်ရှိနေသည့် ၂၈ သုတ်မြောက် တရုတ်ဆေးအဖွဲ့က နိုင်ငံမြောက်ပိုင်း ကာရာမြို့ရှိ Sainte Marguerite Home မိဘမဲ့ဂေဟာသို့ မတ် ၁၄ ရက်၌ အခမဲ့ဆေးဘက်ဆိုင...

တိုဂိုနိုင်ငံသို့ ရောက်ရှိနေသည့် ၂၈ သုတ်မြောက် တရုတ်ဆေးအဖွဲ့က နိုင်ငံမြောက်ပိုင်း ကာရာမြို့ရှိ Sainte Marguerite Home မိဘမဲ့ဂေဟာသို့ မတ် ၁၄ ရက်၌ အခမဲ့ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဆေးဝါးများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။အဆိုပါကာရာအခြေစိုက် တရုတ်ဆေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် ထိုအစီအစဉ်မှ စုစုပေါင်း ကလေး ၃၇ ဦးနှင့် ဝန်ထမ်း ၁၀ ဦးတို့ အကျိုးကျေးဇူးခံစားခဲ့ကြရကာ ၎င်းဆေးအဖွဲ့တွင် ခွဲစိတ်ဆရာဝန်တစ်ဦး၊ ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်တစ်ဦး၊ သားဖွား-မီးယပ်အထူးကုဆရာဝန်တစ်ဦး၊ ဓာတ်ခွဲခန်းပညာရှင်တစ်ဦး၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အထူးကုဆရာဝန်တစ်ဦးနှင့် အပ်စိုက်ကုထုံးပညာရှင်တစ်ဦးတို့ ပါဝင်သည်။ကလေးများ၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာစေရေးအတွက် အဖွဲ့အနေဖြင့် ပိုမိုပံ့ပိုးကူညီရန် အသင့်ရှိကြောင်း ဆေးအဖွဲ့ခေါင်းဆောင် Xi Gang က အဆိုပါမိဘမဲ့ဂေဟာအား အခိုင်အမာပြောကြားခဲ့သည်။

news-view-count-icon

11