back

ခရီးဝေးသွားသည့် အိမ်စီးမော်တော်ယာဥ်များ စက်သုံးဆီအရောင်းဆိုင်များ၌ Scan ထပ်ဖတ်ရန်မလိုဘဲ ထပ်မံဝယ်ယူနိုင်

Mar 15 • 1:15 PM

breaking-news

Myanmar

Local

cover

ခရီးဝေးသွားသည့် အိမ်စီးမော်တော်ယာဥ်များ စက်သုံးဆီအရောင်းဆိုင်များ၌ Scan ထပ်ဖတ်ရန်မလိုဘဲ ထပ်မံဝယ်ယူနိုင်

ခရီးဝေးသွားသည့် အိမ်စီးမော်တော်ယာဥ်များ စက်သုံးဆီအရောင်းဆိုင်များ၌ Scan ထပ်ဖတ်ရန်မလိုဘဲ ယင်းရက်အတွက် စက်သုံးဆီဝယ်ယူထားသည့် ငွေရှင်းပြေစာပြသ၍ ထပ်မံဝယ်ယူနိုင်သည်ဟ...

ခရီးဝေးသွားသည့် အိမ်စီးမော်တော်ယာဥ်များ စက်သုံးဆီအရောင်းဆိုင်များ၌ Scan ထပ်ဖတ်ရန်မလိုဘဲ ယင်းရက်အတွက် စက်သုံးဆီဝယ်ယူထားသည့် ငွေရှင်းပြေစာပြသ၍ ထပ်မံဝယ်ယူနိုင်သည်ဟု စွမ်းအင်ဝန်ကြီးဌာနမှအသိပေးခဲ့သည်။မတ် ၁၂ ရက်မှစတင်၍ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စတင်ခဲ့သည့် QR Code ထုတ်ပေးပြီး Application ဖြင့်စစ်ဆေးသည့်နည်းလမ်းအသုံးပြုခဲ့ရာ မော်တော်ယာဥ်(၆၂,၀၁၇)စီးနှင့် မော်တော်ဆိုင်ကယ် (၅၆,၀၈၀)စီးကို အဆင်ပြေစွာရောင်းချပေးနိုင်ခဲ့သဖြင့် ပိုမိုအဆင်ပြေကောင်းမွန်စေရန် Application Software ၏ နည်းပညာပိုင်းဆိုင်ရာမြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိသည်။မတ် ၁၅ ရက်(ယနေ့)မှစတင်၍ Barcode ဖတ်မရသည့်ကားများအတွက် စက်သုံးဆီအရောင်းဆိုင်များ၌ မော်တော်ယာဥ်၏အချက်အလက်များကို ဖြည့်သွင်းစေပြီး စက်သုံးဆီဝယ်ယူရန်အတွက်သာ QR Code များထုတ်ပေးခြင်းစနစ်ကိုဆောင်ရွက်လျက်ရှိရာ မော်တော်ယာဥ်ပိုင်ရှင်များအနေဖြင့် Wheel Tax Barcode ဖတ်မရခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံ အမြန်ဆုံးသွားရောက်ဆောင်ရွက်ရမည်ဟု စွမ်းအင်ဝန်ကြီးဌာနက အသိပေးခဲ့သည်။အချို့ မော်တော်ယာဥ်များ၏ Wheel Tax Barcode များမှာဆေးရောင်မှိန်၍ Scan ဖတ်ရန်အခက်အခဲရှိခြင်း၊ Wheel Tax ၏ Barcode တွင်ပါဝင်သော မော်တော်ယာဥ်၏ အချက်အလက်နှင့် စနစ်၏အချက်အလက်များကြား ကွဲလွဲမှုအချို့တွေ့ရှိရခြင်း၊ အချို့ကားများမှာ တစ်ရက်အတွင်း စက်သုံးဆီထပ်မံပြန်လည်ဝယ်ယူရန်ကြိုးစားခြင်းများကို စိစစ်တွေ့ရှိနေရသည်ဟုလည်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးခဲ့သည်။



news-view-count-icon

29