back

အင်းစိန်စျေးတွင် ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွား၊ ရွှေမီးဖုတ်ရာ၌ အသုံးပြုသည့်သစ်သားတုံး အပူကျန်ရာမှ စက္ကူပုံးကို မီးကူးစက်လောင်ကျွမ်းခြင်းဟုဆို

Mar 14 • 4:35 PM

breaking-news

Myanmar

Yangon

cover

အင်းစိန်စျေးတွင် ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွား၊ ရွှေမီးဖုတ်ရာ၌ အသုံးပြုသည့်သစ်သားတုံး အပူကျန်ရာမှ စက္ကူပုံးကို မီးကူးစက်လောင်ကျွမ်းခြင်းဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စျေးကုန်းအနောက်ရပ်ကွက်၊ ပဒေသာလမ်း၊ အင်းစိန်မြို့မစျေး စျေးရုံအမှတ် (B) မှာ မနေ့က မတ်လ ၁၃ ရက်၊ ည ၁၀ နာရီ ၁၉ မိနစ်ခန့်က ဆိ...

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စျေးကုန်းအနောက်ရပ်ကွက်၊ ပဒေသာလမ်း၊ အင်းစိန်မြို့မစျေး စျေးရုံအမှတ် (B) မှာ မနေ့က မတ်လ ၁၃ ရက်၊ ည ၁၀ နာရီ ၁၉ မိနစ်ခန့်က ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရပါတယ်။ဖြစ်စဥ်မှာ စျေးရုံအမှတ် (B) ရှိ ဆိုင်ခန်းအမှတ် ၃၉ မှာ ရွှေအား မီးဖုတ်ရာမှအသုံးပြုတဲ့ သစ်သားတုံးမှ အပူကျန်ရှိပြီး အနီးရှိ စက္ကူပုံးပေါ်သို့ အပူကူးစက်ရာမှ မီးပွားထွက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ဆိုင်ခန်း ၁ ခန်း မီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားကို အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။



news-view-count-icon

16