မတ်လ၁၃ရက်နေ့ညပိုင်းအချိန်ကရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံမြို့နယ်၊ ၄၅ ကားမှတ်တိုင်မှာ အမည်မသိ လမ်းဘေးနေထိုင်သူ အမျိုးသားတဦး သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ "ညကတည်းက အသက်ထွက်နေပုံရပါတယ်။ ဘေးမှာ ဘယ်သူမှမရှိ၊ ကိုယ်ပိုင်ပစ္စည်းလေး ဘာမှမပါတဲ့ သူ့ဘဝအတွက် နောက်ဆုံးခရီးကို ကျွန်တော်တို့ ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။သူဟာ ဘယ်သူလဲ၊ ဘယ်ကလာသလဲ၊ ဘာကြောင့် ဒီလို အခြေအနေမျိုး ရောက်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒါ ပေမဲ့ လူတစ်ယောက်အနေနဲ့ ဒီလောကထဲကို ရောက် လာတဲ့အခါမှာ သူ့မှာလည်း ပိုင်ဆိုင်ခဲ့တဲ့ အမှတ်တရတွေ၊ ခံစားချက်တွေ ရှိခဲ့မှာပါပဲ။အနည်းဆုံးတော့ သူထွက်ခွာသွားတဲ့အချိန်မှာ သူ့ကို လူသားတစ်ယောက်လို တလေးတစား ပို့ဆောင်ပေးခဲ့ပါတယ်"လို့ကူညီပေးခဲ့သူတစ်ဦးက အသိပေးထားပါတယ်။



