ဂျပန်နိုင်ငံမှာ ပန်းဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့ ပန်းဝတ်မှုန်ရာသီရဲ့ အထွတ်အထိပ်ကာလကို ရောက်လာနေတဲ့အကြား Hokkaido ခရိုင်က လွဲပြီး ဂျပန်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ လေထဲရှိမယ့် cedar ထင်းရှူးဝတ်မှုန်တွေဟာ ဒီနှစ်မှာ ပျမ်းမျှပမာဏထက် ပိုပြီး မြင့်မားမယ်လို့ ခန့်မှန်းရပါတယ်။ ဂျပန်အခြေစိုက် ရာသီဥတုဆိုင်ရာကုမ္ပဏီဖြစ်တဲ့ Weathernews က Kyushu ကနေ Tohoku ဒေသအထိ ဂျပန်နိုင်ငံရဲ့ ဒေသအများစုမှာ cedar ထင်းရှူးဝတ်မှုန်ပျံ့နှံ့တဲ့ကာလ အလယ်အတွင်းမှာ ရှိနေတယ်လို့ ပြောပါတယ်။ Yamanashi ခရိုင်တွင်းနဲ့ Kanto ၊ Tokai ၊ Kinki ၊ Chugoku ၊ Shikoku နဲ့ Kyushu ဒေသတွေမှာ ပန်းဝတ်မှုန်တွေ အများဆုံး ပျံ့နှံ့မှုဟာ မတ်လလယ်အထိ ဆက်လက်ဖြစ်ပွားဖွယ်ရာရှိတယ်လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။



