လျှပ်စစ်မော်တော်ယာဉ် ဝယ်လိုအားနည်းလာနေတဲ့အတွက် စီစဉ်ထားတဲ့ ထုတ်လုပ်မှုကို လျှော့ချဖို့နဲ့ မဟာဗျူဟာကို ပြန်လည်စဉ်းစားဖို့ တွန်းအားဖြစ်လာနေတယ်လို့ Honda Motor က ပြောပါတယ်။ Honda Motor က အခုဘဏ္ဍာရေးနှစ်မှာ အသားတင်အရှုံးဟာ အများဆုံး အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံအထိ ရှိမယ်လို့ တွက်ဆထားပါတယ်။ ဝယ်လိုအား ကျဆင်းနေတဲ့ မြောက်အမေရိကမှာ လျှပ်စစ်မော်တော်ကား မော်ဒယ် ၃ မျိုးအတွက် အစီအစဉ်တွေကို ဖျက်သိမ်းနေပြီလို့ ကြာသပတေးနေ့မှာ Honda က ပြောပါတယ်။ ၂၀၂၆ ခုနှစ် မတ်လမှာကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်မှာ အမြတ်ရမယ်လို့ Honda က အရင်က ခန့်မှန်းထားခဲ့ပါတယ်။



