လက်ရှိမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အရင်ကထက် သုံးဆလောက် မြင့်တက်နေပြီး အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကအစ ဆန်၊ ဆီ၊ ဆားပါမကျန် ဈေးနှုန်း သိသိသာသာ ဆက်တိုက် မြင့်တက်လာနေတယ်လို့ သိရပါတယ်။ဒါအပြင် အိမ်ဆောက်ပစ္စည်း ဈေးကွက်မှာလည်း စက်သုံးဆီ အခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုမို ကုန်ကျလာတဲ့အတွက် ဘိလပ်မြေ အပါအဝင် အိမ်ဆောက်ပစ္စည်း ဈေးနှုန်းတွေပါ မြင့်တက်လာနေတယ်လို့ သိရပါတယ်။ဘိလပ်မြေဈေးတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက အမျိုးအစားအလိုက် ကျပ် နှစ်သောင်းကျော်၊ နှစ်သောင်းနီးပါး ရှိခဲ့ရာကနေ လက်ရှိမှာ ကျပ် ၄၅၀၀ ကနေ ၅၀၀၀ ကျော်ဝန်းကျင် ဈေးထပ်တက်လာသလို မြစ်ကျောက်တကျင်း (အရောက်ပို့) အရင် ကျပ် နှစ်သိန်းလေးသောင်းကနေ အခု ကျပ် သုံးသိန်းခွဲ ဖြစ်လာတယ်လို့ သိရပြီး တခြားသော အိမ်ဆောက်ပစ္စည်းတွေလည်း ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။



