ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် မိုးတိမ်တောင်များကြောင့် မိုးသီးကြွေခြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် လေပြင်းတို-က်ခတ်မှုများ ရှိနိုင်ကြောင်း မိုး/ဇလက အသိပေးထားသည်။အဆိုပါ တိုင်းနှင့်ပြည်နယ်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ ဖြစ်ကြသည်။လက်ရှိ၌ အဆိုပါ ဒေသများတွင် မိုးတိမ်တောင်များဖြစ်နေပြီး ရွေ့လျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးဇလက အသိပေးထားခြင်း ဖြစ်သည်။



