အီရန်နှင့် စစ်ဖြစ်ပွားနေစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ၎င်း၏နိုင်ငံသည် "မည်သည့်အချိန်နှင့်မျှမတူအောင် ပိုမိုတောင့်တင်းခိုင်မာလာနေပြီ" ဟု ပြောကြားလိုက်ပြီး ရက်သတ္တနှစ်ပတ်နီးပါးကြာ တိုက်ခိုက်မှုများအတွင်း အီရန်သည် ပြင်းထန်သော ထိုးနှက်ချက်များကို ခံစားခဲ့ရကြောင်း ဆိုသည်။ကြာသပတေးနေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နေတန်ယာဟုက အစ္စရေး၏ တို-က်ခိုက်မှုများသည် အီရန်၏ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်များကို သတ်ဖြတ်နိုင်ခဲ့ပြီး အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ဘာဆစ်ဂျ် အင်အားစုများကို ပြင်းထန်စွာ ပျ-က်စီးစေခဲ့ကြောင်း ပြောကြားခဲ့သည်။ "အီရန်ဟာ အရင်က အီရန် မဟုတ်တော့ပါဘူး" ဟု နေတန်ယာဟုက ဆိုကာ ဖေဖော်ဝါရီလ ၂၈ ရက် နေ့က စတင်ခဲ့သော တိုက်ခိုက်မှုများသည် အီရန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကို မြေအောက်သို့ ရွှေ့ပြောင်းခြင်းမှ တားဆီးနိုင်ခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။



