တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်ရှိ ဒန်ဒေါင်းမှ နိုင်ငံတကာခရီးသည်တင်ရထားတစ်စင်းသည် ပြုံယမ်းမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ကြာသပတေးနေ့တွင် ပြုံယမ်းမြို့လယ်ရှိ မီးရထားဘူတာရုံသို့ ရောက်ရှိလာကြောင်း ရှင်းဟွာသတင်းထောက်များက မျက်မြင်တွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံအစိုးရ မီးရထားအုပ်စု ကုမ္ပဏီ လီမိတက်မှ တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားသို့ ဆက်သွယ်ထားသော နိုင်ငံတကာခရီးသည်တင်ရထားများသည် အသွားအပြန်လမ်းကြောင်းနှစ်ခုလုံးကို ကြာသပတေးနေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ကြေညာခဲ့သည်။



