မတ်လ ၂ ရက်နေ့တွင် တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီ 92 တစ် လီတာလျှင် ၃၁၅၀ ကျပ်(၂၅ဘတ်)၊ ဓာတ်ဆီ 95 တစ်လီတာလျှင် ၃၂၇၆ ကျပ်(၂၆ဘတ်)၊ ဒီဇယ်တစ်လီတာလျှင် ၃၂၇၆ ကျပ်(၂၆ဘတ်) ရောင်းချလျက်ရှိရာမှ မတ် ၁၃ ရက်တွင် ဓာတ်ဆီ 92 တစ် လီတာလျှင် (၃၈ဘတ်)၊ ဓာတ်ဆီ 95 တစ်လီတာလျှင်(၃၉ဘတ်)၊ ဒီဇယ်တစ်လီတာလျှင်(၄၅ဘတ်)ဈေးနှုန်းများ ပြောင်းလဲခြင်းဖြစ်သည်။အလားတူ ရေနံအကြပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း စက်သုံးဆီလျှော့ချ အသုံးပြု နိုင်ရန် စီမံချက်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



