back

ပဲခူးရွှေသာလျှောင်းလမ်းမှာဆိုင်ကယ်စီးအမျိုးသမီးတစ်ဦးထံက ကျပ်သိန်း၂၅၀ခန့်တန်ဆွဲကြိုးလုယက်ခဲ့ပြီးတရားခံနှစ်ဦး ဖမ်းဆီးရမိရေးကြိုးပမ်းလျှက်ရှိ

Mar 13 • 12:19 PM

breaking-news

Myanmar

Bago

cover

ပဲခူးရွှေသာလျှောင်းလမ်းမှာဆိုင်ကယ်စီးအမျိုးသမီးတစ်ဦးထံက ကျပ်သိန်း၂၅၀ခန့်တန်ဆွဲကြိုးလုယက်ခဲ့ပြီးတရားခံနှစ်ဦး ဖမ်းဆီးရမိရေးကြိုးပမ်းလျှက်ရှိ

ပြီးခဲ့တဲ့ မတ်လ၃ ရက်နေ့ ၊ည​နေ၆နာရီ၅၀မိနစ်ခန့်အချိန်က ပဲခူးမြို့၊မဇင်းရပ်ကွက်၊ခေမာလမ်း၊အမှတ်(၁၃၇၄)နေ မရွှေရည်ဝင်း(စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ)၃၆နှစ်(ဘ)ဦးတင်ဝင်းသ...

ပြီးခဲ့တဲ့ မတ်လ၃ ရက်နေ့ ၊ည​နေ၆နာရီ၅၀မိနစ်ခန့်အ

ချိန်က ပဲခူးမြို့၊မဇင်းရပ်ကွက်၊ခေမာလမ်း၊အမှတ်(၁၃၇၄)နေ မရွှေရည်ဝင်း(စက်ချုပ်လုပ်ငန်းလုပ်ကိုင်

သူ)၃၆နှစ်(ဘ)ဦးတင်ဝင်းသည် ရွှေသာလျောင်းလမ်းမတန်းအတိုင်း အရှေ့မှအနောက်သို့ AVY 40214 Super Cap အပြာရောင်ဆိုင်ကယ်အားမောင်းလျှက်၊အနောက်တွင် သားဖြစ်သူမောင်ရွှေပိုင်အားတင်ဆောင်လာစဥ်နဂါးလိမ်လမ်းအနီးသို့အရောက်တွင် မရွှေရည်ဝင်းဆိုင်ကယ်နောက်မှ လားရာတူလမ်းအတိုင်းမောင်းနှင်လာသည့် လူနှစ်ယောက်ပါဆိုင်ကယ်တစ်စီးက ကပ်၍လိုက်ပါလာပြီးနောက် ကျော်တက်စဥ် အဆိုပါဆိုင်

ကယ်ပေါ်ရှိအနောက်ကလူမှ မရွှေရည်ဝင်းလည်ပင်းရှိဆွဲကြိုးအားဆွဲဖြုတ်လုယက်ယူဆောင်သွားကြောင်း

သိရပါတယ်။ဆွဲကြိုးလုယက်သွားသူနှစ်ဦးမောင်းနှင်သွားတဲ့ဆိုင်ကယ်ဟာ Scoppyi အမျိုးအစား၊မီးခိုရောင်ဖြစ်ပြီး၊ရှေ့မှမောင်းနှင်သူဟာ တီရှပ်လက်တို (အနက်ရောင်)၊လျှာထိုးဦးထုပ်ဆောင်းထားပြီး(လူမြင်မမှတ်မိ)ဖြစ်ပြီး ၄င်းလူနောက်မှဆွဲကြိုးလုယက်သွားသူဟာ အဖြူ/အနက်ရောင်အကွပ်ပါ လက်ရှည်အင်္ကျီ(အစိမ်းပုတ်ရောင်)၊ဘောင်းဘီတိုဝတ်ဆင်ထားပြီး ခန့်မှန်းအသက်(၂၀)နှစ် (လူမြင့်လျှင်-မှတ်မိ)တို့ဖြစ်ကြောင်းသိရပါတယ်။

ပါသွားတဲ့ဆွဲကြိုးဟာ ရွှေရည် (၁၅)ပဲရည်ခန့်၊အလေးချိန် (၂) ကျပ်သားခန့်ရှိ၊ နေတိုးပုံ ဆွဲကြိုး(၁)ကုံး၊ကာလတန်ဖိုး ကျပ်သိန်း(၂၃၀)ခန့်နှင့် ရွှေရည်(၁၄)ပဲရည်ခန့် အလေးချိန်(၃)ပဲခန့်ရှိ ကျောက်အနီအား ကျောက်အဖြူအသေးများ ပတ်လည်စီထားသည့် အဝိုင်းပုံဆွဲသီး (၁)ခု ကာလတန်ဖိုး ကျပ်သိန်း(၂၀)ခန့်)၊ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း(၂၅၀)ခန့်ရှိကြောင်းသိရပါတယ်။

ဆွဲကြိုးဖြုတ်ယူဆောင်သွားတဲ့ အဆိုပါလူနှစ်ယောက်ရဲ့ဆိုင်ကယ်ဟာ ရွှေသာလျောင်းလမ်းမတန်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။




news-view-count-icon

9