တရုတ်နိုင်ငံက ထောက်ပံ့ပေးထားသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (Lancang-Mekong Cooperation) အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် စီမံကိန်းစုစုပေါင်း (၁၃၂) ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိကာလအတွင်း စီမံကိန်းပေါင်း (၁၀၀) ကျော်ကို အကောင်အထည် ဖော်ရန်အတွက် အမေရိကန်ဒေါ်လာ (၃၈ ဒသမ ၆) သန်းခန့် ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းအား ဖြ င့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ပူးပေါင်းဆော င်ရွက်မှုနှင့် ပေါင်းစည်းရေးကဏ္ဍများတွင် တိုးတက်မှုများ ရရှိလာကြောင်း သိရသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို အတူတကွ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် နိုင်ငံခြောက်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော ဒေသခွဲပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ခု ဖြစ်သည်။



