ယခုသီတင်းပတ်ကာလဖြစ်သည့် မတ်လ ၁၃ ရက် မှ ၁၉ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၅၇၅ ကျပ် ဖြစ်ကြောင်း စားအုန်းဆီးတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း စားအုန်းဆီဈေးသည် တစ်ပိဿာလျှင် ကျပ် ၅,၂၅၀ ဖြစ်ပြီး မတ်လအတွင်း အနည်းငယ်မြင့်တက်လာခြင်းလည်းဖြစ်သည်။စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်း သိရသည်။



