back

ချင်းပြည်နယ်၊မင်းတပ်မြို့တွင် ၀ဉ (ဖျံဉ) အခြောက်လှန်းချိန် မိုးရွာသွန်းမှု‌ကြောင့် တောင်သူများ  အခက်တွေ့နေ

Mar 13 • 1:17 AM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ်၊မင်းတပ်မြို့တွင် ၀ဉ (ဖျံဉ) အခြောက်လှန်းချိန် မိုးရွာသွန်းမှု‌ကြောင့် တောင်သူများ  အခက်တွေ့နေ

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်မှာ မတ်လ ၁၂ ရက်နေ့က မိုးရွာသွန်းတာ‌ တွေရှိနေတာကြောင့် ၀ဉ (ဖျံဉ) အခြောက်လှန်းနေတဲ့ တောင်သူတွေ အခက်အခဲ တွေ့နေရတယ်လို့ ဒေသခံတွေထံက ...

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်မှာ မတ်လ ၁၂ ရက်နေ့က မိုးရွာသွန်းတာ‌ တွေရှိနေတာကြောင့် ၀ဉ (ဖျံဉ) အခြောက်လှန်းနေတဲ့ တောင်သူတွေ အခက်အခဲ တွေ့နေရတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။ပြီးခဲ့တဲ့ ရက်က စပြီး မိုးအုံ့တာတွေ ၊ မိုးချိန်းတာတွေကြားရပေမယ့် မနေ့က စပြီး မိုးတွေနေရာကွက်ကျား စရွာနေတာလို့ ၀ဉ အခြောက်လှန်းတဲ့ တောင်သူတဦးက ပြောပါတယ်။တချို့‌နေရာတွေမှာ‌‌တော့ ၀ဉ အစို ၊အခြောက်တွေ ထုတ်ရောင်းတာတွေ မရှိသလောက် ရှိ‌ ပေမဲ့ တချို့ ဒေသတွေမှာတော့ အခုမှအစို ထုတ်ရောင်း၊ အခြောက်လှန်းတာတွေ စနေတာလို့ သူက ဆက်ရှင်းပြပါတယ်။ အချိန်မတော် မိုးရွာသွန်းမှုတွေ ရှိနေတာကြောင့် ၀ဉ အခြောက်လှန်းထားတာ‌တွေ ပျက်စီးပြီး ဈေးနှုန်းကျဆင်းသွားမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။လက်ရှိဈေးကွက်မှာ ၀ဉ (ဖျံဉ) အစို တပိဿာ ကျပ် ၂,၅၀၀ ဝန်းကျင်ရှိပြီး အခြောက် တပိဿာ ကျပ် ၁၆,၅၀၀ ဝန်းကျင်အထိ ဈေး တွေ ရရှိနေကြတယ်လို့ ဆိုပါတယ်။

news-view-count-icon

17