back

မြန်မာနိုင်ငံဘက်ခြမ်းသို့ လူကုန်ကူးရန် ခေါ်ယူလာသည့် တရုတ်နိုင်ငံသား ၄ ဦးအား မဲဆောက်ဒေသခံများ ကယ်တင်နိုင်ခဲ့

Mar 12 • 1:53 PM

breaking-news

Thailand

Local News

cover

မြန်မာနိုင်ငံဘက်ခြမ်းသို့ လူကုန်ကူးရန် ခေါ်ယူလာသည့် တရုတ်နိုင်ငံသား ၄ ဦးအား မဲဆောက်ဒေသခံများ ကယ်တင်နိုင်ခဲ့

ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့နယ်ရှိ ဒေသခံများသည် လူကုန်ကူးဂိုဏ်းတစ်ခု၏ ပြန်ပေးဆွဲခြင်းကို ခံရပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းခံနေရသည်ဟုဆိုသည့် ...

ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့နယ်ရှိ ဒေသခံများသည် လူကုန်ကူးဂိုဏ်းတစ်ခု၏ ပြန်ပေးဆွဲခြင်းကို ခံရပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းခံနေရသည်ဟုဆိုသည့် တရုတ်နိုင်ငံသား ၄ ဦးကို ကယ်တင်နိုင်ခဲ့ကြသည်ဟု ထိုင်းဒေသတွင်းသတင်းဌာနများက ယနေ့ ဖော်ပြသည်။ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး Mr. Kantapong Piphatmontrikul က မတ်လ ၉ ရက် (တနင်္လာနေ့) ည ၉ နာရီခွဲခန့်တွင် အဆိုပါ ကယ်ဆယ်ရေး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ThaiRath သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဘန်းရင်းမွေ (Ban Rim Moei) ရပ်ကွက်ရှိ ဒေသခံများသည် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်သည့် တရုတ်နိုင်ငံသား ၄ ဦးအား ကူညီထားကြောင်း ရပ်ကွက်ခေါင်းဆောင်ထံ အကြောင်းကြားခဲ့ရာမှာ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။




news-view-count-icon

8