အမေရိကန် နှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် အီရန်နိုင်ငံက တရုတ်နိုင်ငံသို့ ရေနံစိမ်းများ ဆက်လက်တင်ပို့နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိရာ အီရန်၏ ရေနံစိမ်းစည်ပိုင်းပေါင်း ၁၁ ဒသမ ၇ သန်းခန့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း ဂြိုဟ်တုအချက်အလက်များအရ သိရသည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် တရုတ်သို့သွားမည့် ရေနံတင်သင်္ဘောများကိုမူ အထူးကင်းလွတ်ခွင့်နှင့် လုံခြုံရေးအစောင့်အရှောက်များ ပေးထားကြောင်းသိရသည်။



