ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံတို့သည် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုမှသည် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများအထိ နယ်ပယ်အစုံအလင်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့ က သတင်းထုတ်ပြန်ချက်အရ သိရသည်။ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်း၏ မတ်လ ၁၀ ရက် နေ့မှ ၁၁ ရက် နေ့ အထိ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံတော်ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ကတိပြုခဲ့ကြခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။နှစ်နိုင်ငံစလုံးဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့အတွက် ကျယ်ပြန့်တဲ့ အလားအလာတွေ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုခဲ့ကြပြီး အထူးသဖြင့် စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး စတဲ့ နယ်ပယ်တွေမှာ ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။



