ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Ramthlo ကျေးရွာမှာ ယမန်နေ့ မတ်လ ၁၁ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကို ကိုင်မိလို့ ပေါက်ကွဲပြီး ဒေသခံ အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးသွားပြီး ၊ ကလေး ၁ဦး ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိကာ ဆေးရုံတင်ထားရတယ်လို့ ဒေသခံများက ပြောပါတယ်။မပေါက်ကွဲသေးတဲ့ ဗုံးကို ကိုင်မိပြီးပေါက်ကွဲသွားလို့ ဖလမ်းမြို့နယ်၊ Ramthlo ကျးရွာနေ အသက် ၁၁ နှစ်ဝန်းကျင်အရွယ် Johan Thawng Tha Thang ဟာ သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးကတော့ ခြေတဖက်ပြတ်ကာ ဟားခါးဆေးရုံကို ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။
ချင်းပြည်နယ်၊ဖလမ်းမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးကိုင်မိလို့ အသက် ၁၁ နှစ်အရွယ် ကလေး၁ ဦး သေဆုံးပြီး၊ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရ
Mar 12 • 2:33 AM
Myanmar
Chin
Share
| 14 | 0 | 0 | 0 |


