back

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် မတ် ၁၂ ရက်နေ့မှ စတင်ကာ ဖုန်း Application ဖြင့် Barcode နှင့် QR Code များ Scan ဖတ်၍ စက်သုံးဆီ ရောင်းချသွားမည်

Mar 12 • 2:12 AM

breaking-news

Myanmar

Local

breaking-news
cover

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် မတ် ၁၂ ရက်နေ့မှ စတင်ကာ ဖုန်း Application ဖြင့် Barcode နှင့် QR Code များ Scan ဖတ်၍ စက်သုံးဆီ ရောင်းချသွားမည်

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ မတ်လ ၁၂ ရက်နေ့မှ စတင်ကာ တယ်လီဖုန်း Application ဖြင့် Barcode နှင့် QR Code မ...

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ မတ်လ ၁၂ ရက်နေ့မှ စတင်ကာ တယ်လီဖုန်း Application ဖြင့် Barcode နှင့် QR Code များကို Scan ဖတ်၍ စိစစ်ရောင်းချသည့် နည်းလမ်းကို စမ်းသပ်အသုံးပြုသွားမှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ မတ် ၁၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စနစ်အား လိုအပ်သော စစ်ဆေးပြုပြင်မှုများ ဆောင်ရွက်ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်၍ Application ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ထုတ်ပြန်ချက်အရ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်ပြီး အရောင်းဆိုင်များတွင် တစ်ရက်အတွင်း ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် တန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် အရောင်းဆိုင်များအနေဖြင့် တယ်လီဖုန်း Application အသုံးပြု၍ စိစစ်ရောင်းချမှုများ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အများပြည်သူ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးနှင့် ပိုမိုရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များမှ Application အသုံးပြုရန်နှင့် Registration ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ အရောင်းဆိုင်အခြေပြု စိစစ်သည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမှာဖြစ်ပြီး မော်တော်ယာဉ်များအတွက် Wheel Tax ရှိ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါ အချက်အလက်များကို အသုံးပြုပြီး QR Code ထုတ်ပေး၍ လည်းကောင်း Application ဖြင့် အလိုအလျောက် စစ်ဆေးသည့် နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုသို့ရောင်းချရာမှာ မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသော Barcode ကို ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက် စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီ ဝယ်ယူထားခြင်း မရှိသေးပါက စက်သုံးဆီများ ဆက်လက်ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။ တစ်ရက်အတွင်း နောက်တစ်ကြိမ် ထပ်မံဝယ်ယူရန် မည်သည့်ဆိုင်တွင်မဆို Scan ဖတ်ပါက ၎င်းရက်အတွင်း ပထအကြိမ်ဝယ်ယူခဲ့မှုကို စနစ်တွင် ဖော်ပြပေးမည်ဖြစ်ကာ ဆီဝယ်ယူခွင့် ရရှိမည် မဟုတ်ဘဲ နောက်တစ်ရက်တွင်မှသာ ထပ်မံ ဝယ်ယူခွင့် ရရှိမှာဖြစ်ကြောင်းနှင့် တစ်ရက်အတွင်း တစ်ကြိမ်ဝယ်ယူပြီးနောက် ထပ်မံတန်းစီ ဝယ်ယူမှုများ မရှိစေရေး စိစစ်တားမြစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မော်တော်ဆိုင်ကယ်များ၌ Wheel Tax တွင် Barcode မပါရှိသည့်အတွက် အရောင်းဆိုင်တွင် QR Code များထုတ်ယူရမှာဖြစ်ကြောင်း၊ ထိုသို့ထုတ်ယူနိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များမှ ဆိုင်ကယ် Wheel Tax ကို အရောင်းဆိုင်ဝန်ထမ်းသို့ ပေးအပ်ပြီး ဝန်ထမ်းမှ Application တွင် ယာဉ်နံပါတ်နှင့် သက်တမ်းကုန်ဆုံးရက်များ ဖြည့်သွင်းကာ QR Code ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ ၎င်း QR Code ကို ပိုင်ရှင်အနေဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခြင်း သို့မဟုတ် အရောင်းဆိုင်မှ Print ထုတ်ပေးခြင်းဖြင့် ရယူသိမ်းဆည်းထားရန် လိုအပ်မှာဖြစ်ပြီး စက်သုံးဆီဝယ်ယူသည့်အခါတိုင်း အရောင်းဝန်ထမ်းကို ၎င်း QR Code ပြသဝယ်ယူနိုင်မှာဖြစ်ကြောင်းနှင့် မော်တော်ယာဉ်များတွင် စိစစ်သကဲ့သို့ တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ် ဝယ်ယူမှု မရှိစေရေး စနစ်မှ အလိုအလျောက် စစ်ဆေးရောင်းချပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အရောင်းဆိုင်များမှ စက်သုံးဆီ စိစစ်ရောင်းချရာတွင်လည်း နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသည့် မူဝါဒများနှင့်အညီ ယာဉ်များအသုံးပြုခွင့် ခွင့်ပြုထားမှုအလိုက် စက်သုံးဆီရောင်းချနိုင်ရေးကိုလည်း တစ်ပါတည်း စစ်ဆေးမည်ဖြစ်ကြောင်းနှင့် မိမိယာဉ် အသုံးပြုခွင့်ရှိသည့် ရက်များအတွက်သာ စက်သုံးဆီ ဝယ်ယူခွင့်ရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးမှုကြောင့် စက်သုံးဆီ အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှုများ လျော့ကျသွားပြီး ပုံမှန်ဖြန့်ဖြူးရောင်းချနိုင်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း နေပြည်တော်ရှိ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေး ဦးစီးဌာန၏ Online Monitoring Center မှ တစ်ဆင့် စက်သုံးဆီ တင်သွင်းမှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းစဉ် (Supply Chain) တစ်လျှောက်ကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်း၊ စက်သုံးဆီ ရောင်းချမှုများနှင့် ပတ်သက်၍လည်း မြို့ကြီးများရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချသည့် ယာဉ်အမျိုးအစားနှင့်ယာဉ်နံပါတ်၊ ဆီအမျိုးအစားနှင့် ပမာဏ၊ ရောင်းချပေးသည့်စျေးနှုန်း စသည်တို့ကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်းနှင့် ပြည်တွင်း စက်သုံးဆီ ဖူလုံမှုရှိစေရေးကိုလည်း အစီအမံအတိုင်း အထူးအလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


news-view-count-icon

35