လက်ရှိရာသီချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်အသင်း ၆သင်းအထိ ပါဝင်ဆင်နွှဲခွင့်ရခဲ့ပါတယ်။ချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံး အသင်းတစ်သင်းအဖြစ် လည်း အာဆင်နယ်ရပ်တည်ခဲ့ပါတယ်။ရှုံးထွက် ၁၆ သင်းအဆင့်ကိုလည်း ပရီးမီးယားလိဂ်အသင်း ၆ သင်းစလုံးတက်ရောက်နိုင်ခဲ့လို့အတော်လေးမျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့မှာ ပရီးမီးယားလိဂ်အသင်းတွေ တစ်သင်းမှမနိုင်ဘဲ ရလဒ်ဆိုးခဲ့ကြပါတယ်။ပရီးမီးယားလိဂ်အသင်း ၆ သင်းမှာ နယူးကာဆယ်နဲ့ အာဆင်နယ်နှစ်သင်းသာ သရေကျပြီး ချယ်လ်ဆီး၊ စပါး၊ မန်စီးတီး၊ လီဗာပူးလ်တို့ရှုံးခဲ့ကြပါတယ်။ချယ်လ်ဆီး၊ စပါးနဲ့မန်စီးတီးအသင်းတွေကနောက်တစ်ဆင့်တက်ရောက်ဖို့ မလွယ်ကူတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
| 18 | 0 | 0 | 0 |


