back

မန္တလေးတိုင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆိုရန် ပျက်ကွက်သူ ၁,၉၀၀ ကျော်ရှိ

Mar 12 • 1:36 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆိုရန် ပျက်ကွက်သူ ၁,၉၀၀ ကျော်ရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်၊ မနက်ပိုင်းက ပြည်ပ စာစစ်ဌာနတွေ အပါအဝင် တစ်နိုင် ငံလုံးအတိုင်းအတာနဲ့ စတင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးမှာတော့ ပထ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်၊ မနက်ပိုင်းက ပြည်ပ စာစစ်ဌာနတွေ အပါအဝင် တစ်နိုင် ငံလုံးအတိုင်းအတာနဲ့ စတင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးမှာတော့ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆို ဖို့ ပျက်ကွက်သူ ၁,၉၀၀ ကျော် ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၁၀၈ ခုမှာ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ (၄၇,၀၀၀) ကျော် ရှိကာ ပထမနေ့ မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူဟာ (၄၅၀၀၀) ကျော်ရှိပြီး ပျက်ကွက်သူ (၁,၉၁၄) ယောက်ရှိတဲ့အတွက် ဖြေဆိုသူရာခိုင်နှုန်း (၉၆) ရာခိုင်နှုန်းနီးပါး ရှိခဲ့တာဖြစ်ပါတယ်။တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ဖြေဆိုရမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေ ဝင်ရောက်ဖြေဆိုနေကြတာ ဖြစ်ပါတယ်။

news-view-count-icon

9